Tuesday, December 18, 2007

ချစ်တရ်

ချစ်သူ
မနက်ဖြန်……
မင်းရဲ့ရင်ခုန်သံတွေ ခက်ထန်နေဦးမလား

ဖုန်းထဲမှာ
ခပ်မြန်မြန် နှုတ်ဆက်ထွက်ခွာသွားတဲ့
မင်းလေးကို ငါ….
ချစ်တရ်….

ဖုန်းထဲက ငါ့ရဲ့စကားလုံးတွေက
မင်းအတွက် အကောင်းဆုံး ပျက်လုံးတွေပဲ
ဖြစ်နေလား???

ငါဆိုတဲ့ ခပ်တုံးတုံးကောင်ကို
မင်းလေးအားရအောင်
ပျက်ရယ်ပြုလိုက်ပါကွာ
ဒါပေမဲ….
ငါကတော့ မင်းကို…
ချစ်တရ်.




ဒါလေးကတော့ ကျွန်မရဲ့ သူငယ်ချင်းနောက်တစ်ယောက်ကနေပြီး တင်ပေးပါဆိုပြီး အပူတိုက်လို့တင်ထားပေးတဲ့ ကဗျာလေးပါ။ အပူတိုက်လို့ တင်ပေးတယ်လို့သာဆိုတာပါ။ မွန်းရဲ့ဘလော့ဂ်မှာလည်း သူတို့သာ အပူမတိုက်ရင် တင်စရာ ကဗျာရှိမှာ မဟုတ်ဘူးလေ။ မွန်းက ကဗျာတွေမှ မဖွဲ့နွဲ့တတ်ပဲ။ ကျေးဇူးပါပဲ သူငယ်ချင်းတို့ရယ်။ သူငယ်ချင်းတို့သာ မရှိရင် မွန်းရဲ့ဘလော့ဂ်လည်း ကိုယ်ပိုင် ကဗျာလေးတွေ တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါသူတို့ရဲ့ ကိုယ်တိုင်ခံစားချက်လေးတွေကို ရေးစပ်ထားတဲ့ ကဗျာလေးတွေ ဖြစ်ပါတယ်။

No comments: