Monday, December 17, 2007

အားလုံးကို မင်္ဂလာပါရှင်။

အင်း.....အားလုံးကို မင်္ဂလာပါလို့တော့ နှုတ်ဆက်ပြီးပြီ ဘာဆက်ပြောရမလဲမသိဘူး။ ဘလော့ဂ်ဖွင့်ပြီ ဆိုမှတော့ post တင်မှဖြစ်မှာပေါ့ ဟုတ်တယ်မလား။ တင်မယ်ဆိုပြန်တော့ လည်း အခုမှစလုပ်တာဆိုတော့ ဘာတင်ရမလဲမသိပါဘူး။ ဒီတော့ အားလုံးကို နှုတ်ဆက်ခြင်း နဲ့စလိုက်ရတာပေါ့။ မွန်းအကြောင်းတော့ profile ထဲမှာ ၀င်ကြည့်ရင် ရတယ်ဆိုတော့ မပြောတော့ဘူးနော်။ ဒါဆို……..ဘာပြောစရာကျန်သေးပါလိမ့် ??????သိပြီ။ မွန်းဒီဘလော့ဂ်လေး ကို ဖွင့်ရတဲ့အကြောင်းလေး ပြောပြတာပေါ့နော့။ မွန်းအောက်တိုဘာလ လောက်ကတည်းက ဘလော့ဂ်ကို ဖွင့်ထားတာပါ။ ဒါပေမဲ့ ဘာမှမတင်တတ်ဘူးလေ။ ဒီတော့ ဘာတင်လည်း ဆိုတော့ကိုယ်ကြိုက်တာလေးတွေ စုပြီးတော့တင်တာပေါ့။ နောက်ကျတော့ ပျင်းတာနဲ့ ဘာမှကိုလှည့်မကြည့်တော့ဘူး။ အဲ့ဒီနောက်ပိုင်းတော့ ဘလော့ဂ်တော်တော်များများ လိုက်ဖတ်ဖြစ်တယ်။ အဲလာပါပြီ မွန်းဘလော့ဂ်ကို ကောင်းကောင်းကန်းကန်း လုပ်ချင်စိတ် ဖြစ်စေတဲ့ အဓိက တရားခံ။ ဘယ်သူလို့ထင်ကြလဲ??????????တရားခံဘယ်သူလဲဆိုတော့ မနိုင်နိုင်းစနေပေါ့။ သူတင်တဲ့ post တွေကို တော်တော်ကြိုက်တာ။ မွန်းလုပ်တာနဲ့ပဲ မွန်းရဲ့သူငယ်ချင်းတွေလည်း မနိုင်နိုင်းရဲ့ ဘလော့ဂ်ကို ၀င်ဝင်ဖတ်ကြတာပဲ။ မွန်းဆို post အသစ်တင်တာနဲ့ ၀င်ဖတ်တာပဲ။ အသစ်မတင်လဲ အဟောင်းတွေ လိုက်လှန်လှောပြီး ဖတ်နေတာပဲ။ငြိမ်ဆေးရသွားတာပေါ့ မွန်းအတွက်။ ဒါနဲ့ပဲ မနိုင်နိုင်းလို ရေးချင်စိတ်တွေ ပေါက်လာပြီးအခုလိုလုပ်ဖြစ်သွားတာပါပဲ။ အခုလည်းမနိုင်နိုင်းကို gtalk မှာ invite လုပ်ထားတာ။ မနိုင်နိုင်းကိုဆရာတင်မလို့ပေါ့။ အားကျလိုက်တာ မနိုင်နိုင်းရာ.............

No comments: