Tuesday, December 18, 2007



ဘာကို ဆိုလိုနေသလဲ ဂဏန်းလေး (၃) ရယ်


ဘ၀မှာ ထွက်သွားပြီးတာနဲ့ ဘယ်သောအခါ့မှပြန်မရနိုင်တော့သည့်
Ø အချိန်
Ø ပြောပြီးသားစကား
Ø အခွင့်အရေး

ဘ၀မှာ ဘယ်သောအခါမှ ပျောက်ဆုံးသွားလိမ့်မည် မဟုတ်သည့်
Ø ငြိမ်းချမ်းခြင်း
Ø မျှော်လင့်ခြင်း
Ø ရိုးသားခြင်း

ဘ၀မှာ တန်ဖိုးအရှိဆုံးဖြစ်သည့်
Ø ချစ်ခြင်း
Ø မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း
Ø မိတ်ဆွေကောင်း

ဘ၀မှာ ဘယ်တော့မှ မတည်ငြိမ်၊ မသေချာသည့်
Ø စိတ်ကူးယဉ်အိပ်မက်
Ø ကျော်ကြားခြင်း
Ø ကံကြမ္မာ

ဘ၀မှာ လူဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ကို ပြည့်စုံစေသည့်
Ø အလုပ်ကြိုးစားခြင်း
Ø ရိုသေလေးစားတတ်ခြင်း
Ø ကတိသစ္စာ

ဘ၀မှာ လူတစ်ယောက်ကို ပျက်စီးစေနိုင်သည့်
Ø မူးယစ်ဆေးဝါး
Ø ဂုဏ်မာန
Ø ဒေါသစိတ်

ဘ၀မှာ နေ့တိုင်း သူတစ်ပါးကို ပေးနေသင့်သည့်
Ø ချစ်ခြင်းမေတ္တာ
Ø ချိုသာသောအပြုံး
Ø နွေးထွေးသောယုယထွေးပိုက်မှု




ကျွန်မတို့ အခုလက်ရှိရောက်နေတဲ့ အသက်အရွယ်အထိ၊ ကျွန်မတို့ရဲ့ လက်ရှိဘ၀အထိ ကျွန်မတို့ ဘယ်အရာသုံးခုကို ရရှိပြီးပြီလဲ၊ ဆုံးရှုံးပြီးပြီလဲ၊ ဘယ်အရာတွေ လူများကိုပေးပြီးပြီလဲ၊ ဘယ်အရာတွေ လုပ်ရအုံးမှာလဲ????????ဒီ post လေးကတော့ metacafe ကတွေ့တာလေးကို မတောက်တခေါက်၊ ကိုယ်နားလည်သလို ဘာသာပြန်ပြီးတင်လိုက်တာပါ။ အမှားများပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရှင်။

No comments: