Tuesday, December 18, 2007

သင်သိပါသလား???ကျွန်ုပ်တို့ ခန္ဓာကိုယ်မှာ အသန်မာဆုံး ကြွက်သားက ကျွန်ုပ်တို့ရဲ့ လျှာပဲဖြစ်ပါတယ်။
ပိုလာဝက်ဝံတွေ အားလုံးဟာ ဘယ်သန်တွေဖြစ်ပါတယ်။
လိပ်ပြာလေးတွေဟာ သူတို့ရဲ့ ခြေထောက်နဲ့ အရသာကို ခံစားကြပါတယ်။
ပိုးဟပ်တွေဟာ ခေါင်းမပါပဲ (၉) ရက်ကြာ အသက်ရှင်နိုင်ပါတယ်။ သူတို့သေရတဲ့ အကြောင်းရင်းကတော့ ခေါင်းမရှိလို့မဟုတ်ပဲ အစာမစားရလို့ဖြစ်ပါတယ်။

လင်းပိုင်နှင့် လူ (သတ္တ၀ါ နှစ်မျိုး) သာလျှင် ပျော်ရွှင်မှုအတွက် ဖိုမဆက်ဆံကြခြင်းဖြစ်ပါတယ်။
ဘဲများ၏ စူးစူးရှရှအော်သံတွင် ပဲ့တင်သံမရှိပါ။

သင့်ရဲ့မျက်စိကို မပိတ်ပဲ နှာချေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ချစ်တရ်

ချစ်သူ
မနက်ဖြန်……
မင်းရဲ့ရင်ခုန်သံတွေ ခက်ထန်နေဦးမလား

ဖုန်းထဲမှာ
ခပ်မြန်မြန် နှုတ်ဆက်ထွက်ခွာသွားတဲ့
မင်းလေးကို ငါ….
ချစ်တရ်….

ဖုန်းထဲက ငါ့ရဲ့စကားလုံးတွေက
မင်းအတွက် အကောင်းဆုံး ပျက်လုံးတွေပဲ
ဖြစ်နေလား???

ငါဆိုတဲ့ ခပ်တုံးတုံးကောင်ကို
မင်းလေးအားရအောင်
ပျက်ရယ်ပြုလိုက်ပါကွာ
ဒါပေမဲ….
ငါကတော့ မင်းကို…
ချစ်တရ်.




ဒါလေးကတော့ ကျွန်မရဲ့ သူငယ်ချင်းနောက်တစ်ယောက်ကနေပြီး တင်ပေးပါဆိုပြီး အပူတိုက်လို့တင်ထားပေးတဲ့ ကဗျာလေးပါ။ အပူတိုက်လို့ တင်ပေးတယ်လို့သာဆိုတာပါ။ မွန်းရဲ့ဘလော့ဂ်မှာလည်း သူတို့သာ အပူမတိုက်ရင် တင်စရာ ကဗျာရှိမှာ မဟုတ်ဘူးလေ။ မွန်းက ကဗျာတွေမှ မဖွဲ့နွဲ့တတ်ပဲ။ ကျေးဇူးပါပဲ သူငယ်ချင်းတို့ရယ်။ သူငယ်ချင်းတို့သာ မရှိရင် မွန်းရဲ့ဘလော့ဂ်လည်း ကိုယ်ပိုင် ကဗျာလေးတွေ တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါသူတို့ရဲ့ ကိုယ်တိုင်ခံစားချက်လေးတွေကို ရေးစပ်ထားတဲ့ ကဗျာလေးတွေ ဖြစ်ပါတယ်။



ဘာကို ဆိုလိုနေသလဲ ဂဏန်းလေး (၃) ရယ်


ဘ၀မှာ ထွက်သွားပြီးတာနဲ့ ဘယ်သောအခါ့မှပြန်မရနိုင်တော့သည့်
Ø အချိန်
Ø ပြောပြီးသားစကား
Ø အခွင့်အရေး

ဘ၀မှာ ဘယ်သောအခါမှ ပျောက်ဆုံးသွားလိမ့်မည် မဟုတ်သည့်
Ø ငြိမ်းချမ်းခြင်း
Ø မျှော်လင့်ခြင်း
Ø ရိုးသားခြင်း

ဘ၀မှာ တန်ဖိုးအရှိဆုံးဖြစ်သည့်
Ø ချစ်ခြင်း
Ø မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း
Ø မိတ်ဆွေကောင်း

ဘ၀မှာ ဘယ်တော့မှ မတည်ငြိမ်၊ မသေချာသည့်
Ø စိတ်ကူးယဉ်အိပ်မက်
Ø ကျော်ကြားခြင်း
Ø ကံကြမ္မာ

ဘ၀မှာ လူဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ကို ပြည့်စုံစေသည့်
Ø အလုပ်ကြိုးစားခြင်း
Ø ရိုသေလေးစားတတ်ခြင်း
Ø ကတိသစ္စာ

ဘ၀မှာ လူတစ်ယောက်ကို ပျက်စီးစေနိုင်သည့်
Ø မူးယစ်ဆေးဝါး
Ø ဂုဏ်မာန
Ø ဒေါသစိတ်

ဘ၀မှာ နေ့တိုင်း သူတစ်ပါးကို ပေးနေသင့်သည့်
Ø ချစ်ခြင်းမေတ္တာ
Ø ချိုသာသောအပြုံး
Ø နွေးထွေးသောယုယထွေးပိုက်မှု




ကျွန်မတို့ အခုလက်ရှိရောက်နေတဲ့ အသက်အရွယ်အထိ၊ ကျွန်မတို့ရဲ့ လက်ရှိဘ၀အထိ ကျွန်မတို့ ဘယ်အရာသုံးခုကို ရရှိပြီးပြီလဲ၊ ဆုံးရှုံးပြီးပြီလဲ၊ ဘယ်အရာတွေ လူများကိုပေးပြီးပြီလဲ၊ ဘယ်အရာတွေ လုပ်ရအုံးမှာလဲ????????ဒီ post လေးကတော့ metacafe ကတွေ့တာလေးကို မတောက်တခေါက်၊ ကိုယ်နားလည်သလို ဘာသာပြန်ပြီးတင်လိုက်တာပါ။ အမှားများပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရှင်။

Monday, December 17, 2007

ပန်းရင့်ရောင်နာရီနဲ့ အထီးကျန်ကောင်မလေး


တစ်ခါကကောင်လေးတစ်ယောက်ဟာ

သူ့ချစ်သူ ကောင်မလေးကို

ပန်းရင့်ရောင်နာရီလေးပေးခဲ့ဘူးတယ်……

နာရီလေးကပြောတယ်

ကောင်လေးကကောင်မလေးကိုအရမ်းချစ်တယ်တဲ့

ကောင်မလေးကလည်း

ကောင်လေးကိုချစ်ပါတယ်လို့ပြန်ပြောခဲ့လေရဲ့ ….

နာရီလေးက

သူတို့ချစ်သက်သေပေါ့….

နာရီလေးရဲ့ အဖော်က

ကောင်မလေးရဲ့ လက်ကောက်ဝတ်ပေါ့

လှပတဲ့စက္ကန့်မိနစ်တွေကို

နာရီလေးရေတွက်ပေးခဲ့ဘူးတယ်….

ကောင်လေးလည်းကောင်မလေးကို

ကြင်နာခဲ့ဘူးတယ်…..

အချိန်လည်းပြောင်း

ကောင်မလေးလည်းဟောင်းလေတော့

နာရီလေးလည်း အရောင်ပြောင်း

ကောင်လေးလည်း………….

သြော်….ကောင်လေးရယ်..မချစ်တော့လို့လားကွယ်

မဖြစ်တော့လို့လားကွယ်

အခုတော့ ပန်းရင့်ရောင်နာရီလေးရယ်…

ရင်နာနေရက်နဲ့..ဟန်ဆောင်ရယ်မောယောင်..ပုံဆောင်နေပြီလားကွယ်……

….နာရီလေးငိုနေပြီ

ကောင်မလေးဆွေးလေပြီ

ကောင်လေးထားသွားပြီ

လက်ကောက်ဝတ်လေးအထီးကျန်ပြီ…..

ငိုနေတဲ့နာရီလေးက ကောင်လေးနဲ့ အဝေးကိုထွက်သွားသလို

အထီးကျန်လက်ကောက်ဝတ်လေးက

ကောင်မလေးနဲ့အတူ..နာရီလေးနဲ့ ကောင်လေးပြန်လာရာကိုမျှော်နေဆဲပါ…

Pinkishgirl
4th Nov,2007



ဒီကဗျာလေးက မွန်းရဲ့ကဗျာမဟုတ်ပါဘူး။ မွန်းက ကဗျာတွေ စာတွေ မဖွဲ့နွဲ့တတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကိုတော့ ကိုယ်ချင်းစာတတ်ပါတယ်။ ဒါမွန်းသူငယ်ချင်းတစ်ယောက်ရဲ့ ရင်ထဲက ခံစားရတဲ့ ကဗျာလေးပါ။ ဘာလို့ post စတင်တင်ချင်း ကိုယ်ပိုင်မတင်ပဲ လူများရေးထားတာ တင်ရလဲဆိုတာကတော့ မွန်းသူငယ်ချင်းကို မွန်းစာနာလို့ပါပဲ။ ဒီကဗျာလေးကို သူရေးပြီးကတည်းက “ မွန်းရေ နင့်ဘလော့ဂ်မှာ တင်ပေးပါလား” ဆိုပြီးပြောထားတာ အားလုံးသိတဲ့ အတိုင်းပဲ ဒီအပျင်းမလေးက ဘလော့ဂ်ကို ပစ်ထားတာလေ။ ဒါနဲ့ ဘလော့ဂ်ကို အသစ်လုပ်မယ်ဆိုတာနဲ့ သူ့ရဲ့ကဗျာလေးကို တင်ပေးလိုက်ရတာပါပဲ။ ဒီကဗျာလေးကို ဖတ်ပြီးရင်တော့ သူ့အကြောင်းလေးကို သိလောက်ပြီပေါ့နော်။ ထပ်မပြောပြတော့ဘူးနော်။ သူငယ်ချင်း ဖိုးမူရေ….အရာရာတိုင်းမှာ အသွားနဲ့အပြန်ဆိုတာ ရှိပါတယ်။ မေတ္တာစစ်ရင်တော့ ဖိုးမူဆီပြန်လာမှာပါကွယ်။

အားလုံးကို မင်္ဂလာပါရှင်။

အင်း.....အားလုံးကို မင်္ဂလာပါလို့တော့ နှုတ်ဆက်ပြီးပြီ ဘာဆက်ပြောရမလဲမသိဘူး။ ဘလော့ဂ်ဖွင့်ပြီ ဆိုမှတော့ post တင်မှဖြစ်မှာပေါ့ ဟုတ်တယ်မလား။ တင်မယ်ဆိုပြန်တော့ လည်း အခုမှစလုပ်တာဆိုတော့ ဘာတင်ရမလဲမသိပါဘူး။ ဒီတော့ အားလုံးကို နှုတ်ဆက်ခြင်း နဲ့စလိုက်ရတာပေါ့။ မွန်းအကြောင်းတော့ profile ထဲမှာ ၀င်ကြည့်ရင် ရတယ်ဆိုတော့ မပြောတော့ဘူးနော်။ ဒါဆို……..ဘာပြောစရာကျန်သေးပါလိမ့် ??????သိပြီ။ မွန်းဒီဘလော့ဂ်လေး ကို ဖွင့်ရတဲ့အကြောင်းလေး ပြောပြတာပေါ့နော့။ မွန်းအောက်တိုဘာလ လောက်ကတည်းက ဘလော့ဂ်ကို ဖွင့်ထားတာပါ။ ဒါပေမဲ့ ဘာမှမတင်တတ်ဘူးလေ။ ဒီတော့ ဘာတင်လည်း ဆိုတော့ကိုယ်ကြိုက်တာလေးတွေ စုပြီးတော့တင်တာပေါ့။ နောက်ကျတော့ ပျင်းတာနဲ့ ဘာမှကိုလှည့်မကြည့်တော့ဘူး။ အဲ့ဒီနောက်ပိုင်းတော့ ဘလော့ဂ်တော်တော်များများ လိုက်ဖတ်ဖြစ်တယ်။ အဲလာပါပြီ မွန်းဘလော့ဂ်ကို ကောင်းကောင်းကန်းကန်း လုပ်ချင်စိတ် ဖြစ်စေတဲ့ အဓိက တရားခံ။ ဘယ်သူလို့ထင်ကြလဲ??????????တရားခံဘယ်သူလဲဆိုတော့ မနိုင်နိုင်းစနေပေါ့။ သူတင်တဲ့ post တွေကို တော်တော်ကြိုက်တာ။ မွန်းလုပ်တာနဲ့ပဲ မွန်းရဲ့သူငယ်ချင်းတွေလည်း မနိုင်နိုင်းရဲ့ ဘလော့ဂ်ကို ၀င်ဝင်ဖတ်ကြတာပဲ။ မွန်းဆို post အသစ်တင်တာနဲ့ ၀င်ဖတ်တာပဲ။ အသစ်မတင်လဲ အဟောင်းတွေ လိုက်လှန်လှောပြီး ဖတ်နေတာပဲ။ငြိမ်ဆေးရသွားတာပေါ့ မွန်းအတွက်။ ဒါနဲ့ပဲ မနိုင်နိုင်းလို ရေးချင်စိတ်တွေ ပေါက်လာပြီးအခုလိုလုပ်ဖြစ်သွားတာပါပဲ။ အခုလည်းမနိုင်နိုင်းကို gtalk မှာ invite လုပ်ထားတာ။ မနိုင်နိုင်းကိုဆရာတင်မလို့ပေါ့။ အားကျလိုက်တာ မနိုင်နိုင်းရာ.............